ချန်ပီယံလိဂ်ဖလားကို ရနိုင်ဟု ဘာစီလိုနာနည်းပြ ပြော

ချန်ပီယံလိဂ်ဖလားကို ရယူနိုင်သေးတယ်လို့ ဘာစီလိုနာအသင်း နည်းပြ ဆက်တီရန် ပြောဆိုလိုက်ပါတယ်။  သူ့အသင်းဟာ စပိန်လာလီဂါ ချန်ပီယံ ဖလားကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ လက်လွှတ်လိုက်ရပြီး ရီရဲလ်မက်ဒရစ် အသင်းက သိမ်းပိုက်သွားပါတယ်။  ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ရှုံးထွက်ပထမအဆင့်ကို ရောက်နေပြီး နာပိုလီနဲ့ ၁ ဂိုးစီ သရေကျထားပါတယ်။ ဒီရာသီအတွက် ဘာစီလိုနာအသင်းမှာ မျှော်လင့်စရာဆိုလို့ ချန်ပီယံလိဂ်ဖလား တခုပဲ ကျန်တော့တာပါ။  နည်းပြ ဆက်တီရန်ဟာ လာလီဂါ ချန်ပီယံဖလားကို လက်လွှတ်ထားရသလို အသင်းရဲ့ ရလဒ်တွေ မကောင်းတဲ့အတွက် ဖိအားတွေ များနေပြီး နည်းပြထိုင်ခုံလည်း ခပ်လှုပ်လှုပ် ဖြစ်နေပါတယ်။  တိုက်စစ်မှူး မက်ဆီကတော့ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတော့မယ်လို့ အိုဆာဆူနာကို အိမ်ကွင်းမှာ ရှုံးတဲ့ပွဲအပြီးမှာ ဝေဖန် ပြောဆိုထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up