အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်လာသဖြင့် လော့ဒေါင်းပြန်ချ

1.3K
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၁ သန်းကျော်ပြီးတဲ့နောက် ဒေသန္တရ အသွားအလာ ပိတ်ပင်ကန့်သတ်ချက် လော့ဒေါင်းကို တကျော့ပြန် ချမှတ်ထားလို့ မြို့တော်တော်များများမှာ ဇူလိုင် ၁၈ ရက်က ဈေးတွေနဲ့ ဆိုင်တွေ ပိတ်ထားရပါတယ်။
ဥတ္တာပရာဒေ့ရှ် ပြည်နယ်ရဲ့ လူအထူဆုံးမြို့တွေဖြစ်တဲ့ ပရာယာဂရပ်နဲ့ လက်ခနောင်း မြို့တွေက လမ်းတွေပေါ်မှာ လူသူကင်းမဲ့နေပါတယ်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာ ဂိုအာမြို့မှာလည်း အလားတူ ကန့်သတ်ထားလို့ ဈေးတွေ ပိတ်ထားရသလို လမ်းတွေကိုလည်း ဇူလိုင် ၁၈ ရက်နေ့က အရံအတားတွေ ချထားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် စီးပွားရေးလည်း ထိခိုက်ခဲ့ပါတယ်။
ဈေးလုံးဝ မရောင်းရဘူးလို့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်က သစ်သီးခြောက် ရောင်းသူ တယောက်က ပြောပါတယ်။
ပညာရေးက အွန်လိုင်းစနစ်ကို ပြောင်းပြီး လူတွေက စာအုပ်အစား အီလက်ထရောနစ် စာအုပ်တွေကို ပြောင်းသုံးလာကြလို့ ကိုးလ်ကတ္တားပြည်နယ်က နာမည်ကြီး စာအုပ် ဈေးဟာလည်း ဆိုးဆိုးရွားရွား စီးပွားရေး ထိခိုက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဇူလိုင် ၁၉ ရက် မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ သန်း ၇ သောင်း ကျော်နဲ့ သေဆုံးသူ ၂၆၈၀၀ ကျော် ရှိနေပါတယ်။