Homeမြန်မာသတင်း
မိုးညှင်းတွင် မသန်စွမ်း အယောက် ၅၀ ကို ကိုဗစ်ကာကွယ်ရေးပစ္စည်းနှင့် စားကုန်များ ထောက်ပံ့
မိုးညှင်းတွင် မသန်စွမ်း အယောက် ၅၀ ကို ကိုဗစ်ကာကွယ်ရေးပစ္စည်းနှင့် စားကုန်များ ထောက်ပံ့
DVB
·
July 19, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က မသန်းစွမ်း အယောက် ၅၀ ကို ကိုဗစ်-၁၉ ကာလ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမသန်မစွမ်းသူများရှေ့ဆောင်ရုံးချုပ်က ရောဂါကာကွယ်ရေးပစ္စည်းနဲ့ စားသောက်ကုန်တွေ ထောက်ပံ့ခဲ့ပါတယ်။
မြိုင်ရွာကျေးရွာရှိ မသန်မစွမ်းသူများရှေ့ဆောင်မိုးညှင်းရုံးခွဲမှာ ဇူလိုင် ၁၈ ရက်မနက်က ထောက်ပံ့ပေးခဲ့တာလို့ မိုးညှင်းရုံးခွဲဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
"ကိုဗစ်ကာကွယ်ရေးပစ္စည်းနဲ့ ဆန်၊ ဆီ၊ ကုလားပဲ၊ ငါးသေတ္တာ ထောက်ပံ့ပါတယ်။ မိုးညှင်းမြိ့ုနယ်မှာ မသန်စွမ်းအဖွဲ့ဝင် ၂၀၄ ဦးရှိပေမဲ့ ပြေလည်မှုမရှိတဲ့ မသန်စွမ်း ၅၀ အတွက်ပေးအပ်တာဖြစ်ပါတယ်။"
မသန်စွမ်းသူ မောင်ပြေလင်းဦးက အခုလို ထောက်ပံ့ပေးတဲ့အတွက် ဝမ်းသာကြောင်းနဲ့ မသန်စွမ်းတွေအတွက် အများပြည်သူသွားလာလို့ရတဲ့ ဘူတာ၊ စျေးဝယ်နေရာနဲ့ ရုပ်ရှင်ရုံတွေမှာ ဝှီးချဲ့နဲ့ သွားလာလို့ရအောင် လုပ်ပေးစေချင်တယ်လို့ ပြောပါတယ်။
အခုထောက်ပံ့ပေးတဲ့ မသန်စွမ်းတွေဟာ မိုးညှင်း၊ ဟိုပင်၊ နန့်မွန်းမြို့နယ်တွေက ပါဝင်တယ္လို့ သိရပါတယ်။
မုန်းမုန်းမင်