Homeမြန်မာသတင်း
မြန်အောင်မြို့ရှိ စာသင်ကျောင်းများကို လဝန်းရောင်ခြည်အဖွဲ့က ပိုးသတ်ဆေး အခမဲ့ဖျန်းပေးနေ
မြန်အောင်မြို့ရှိ စာသင်ကျောင်းများကို လဝန်းရောင်ခြည်အဖွဲ့က ပိုးသတ်ဆေး အခမဲ့ဖျန်းပေးနေ
DVB
·
July 19, 2020
ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ထဲက စာသင်ကျောင်းတွေမှာ COVID-19 ကာကွယ်တဲ့ အနေနဲ့ လဝန်းရောင်ခြည် ပရဟိတ လူငယ်အဖွဲ့က ပိုးသတ်ဆေးတွေ အခမဲ့ ဖျန်းပေးနေပါတယ်။
ကျောင်းဖွင့်ရက်နီးလာတာကြောင့် ဇူလိုင် ၁၆ ရက်နေ့က မြန်အောင်မြို့ အလက လက်ပန်ရပ်ကျောင်းမှာ ပိုးသတ်ဆေးဖြန်းပေးခဲ့ပါတယ်
မြန်အောင်မြို့နယ်ထဲမှာ ကျောင်းပေါင်း ၂၅၆ ကျောင်းရှိပြီး လဝန်းရောင်ခြည် ပရဟိတ လူငယ်အဖွဲ့အနေနဲ့ ကျောင်းပေါင်း ၁၀ ကျော်မှာ ကိုဗစ်-၁၉ ကာကွယ်တဲ့ ပိုးသတ်ဆေးတွေ ဖြန်းပေးခဲ့ပြီး ကျောင်းတွေမှာ ပိုးသတ်ဆေးထပ်ဖျန်းသွားမယ်လို့ အဖွဲ့ရဲ့ တာဝန်ခံ ကိုဝေယံကျော်က DVB ကို ပြောပါတယ်။
မြန်အောင်မြို့နယ်ထဲမှာ ဇူလိုင်လ ၁၈ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမရှိဘဲ စောင့်ကြည့်စခန်း ၃ ခုမှာ စောင့်ကြည့်ခံနေသူ ၂၁ ဦးရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။