A d v e r t i s e m e n t With Us

အာဆင်နယ်က မန်စီးတီးကို ၂ ဂိုးပြတ် အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အာဆင်နယ်က မန်ချက်စတာစီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။  ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အာဆင်နယ်အတွက် အနိုင်ဂိုး ၂ ဂိုးလုံးကို တိုက်စစ်မှူး အူဘာမီယန်းက သွင်းပေးပါတယ်။  ဒီပွဲမှာ တိုက်စစ်မှူး အူဘာမီယန်းဟာ ခြေစွမ်းပြကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံရပါတယ်။  မန်စီးတီးကတော့ ဘောလုံးပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူ ကစားနိုင်ပေမဲ့ ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ အာဆင်နယ်က အကြိမ်ရေ ပိုရခဲ့ပါတယ်။  အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းစကလည်း ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို အနိုင်ယူထားပြီး အခုတခါ အက်ဖ်အေဖလား လက်ရှိ ချန်ပီယံ မန်စီးတီးကို ဂိုးပြတ်နဲ့ အနိုင်ရ တာပါ။  အာဆင်နယ်ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ သြဂုတ် ၁ ရက်နေ့ ယှဉ်ပြိုင်ရမှာပါ။ 

A d v e r t i s e m e n t With Us

More News
Up