တရုတ်ပြည်အလယ်ပိုင်း ရေကြီးမှုများ ဆက်ဖြစ်

2.4K
တရုတ်ပြည်အလယ်ပိုင်း ဟူပိုင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးမှု တွေ ဆက်ဖြစ်နေပါတယ်။
အန်ရှီမြို့မှာလည်း ရေကြီးမှုတွေကြောင့် အရေးပေါ်အခြေအနေကို အမြင့်ဆုံးသတ်မှတ် ထားရပါတယ်။ မြို့လယ်နေရာတွေမှာ ရေက နှစ်မီတာ၊သုံးမီတာနီးပါးအထိ တက်နေပါတယ်။
ဇူလိုင်လ ၁၇ ရက်မှာပဲ မြို့နေပြည်သူ ၂၉၀၀၀ ကျော်ကို ကယ်ထုတ်ပြီး နေရာရွှေ့ပြောင်း ပေးခဲ့ရပါတယ်။
တရုတ်မှာ ဇူလိုင်လဆန်းကတည်းက ပြည်နယ် ၂၄ ခုမှာ ရေကြီးမှုတွေကြောင့် အနည်းဆုံး ပြည်သူ ၂၀ ဒဿမ ၂၇ သန်းကို ထိခိုက်ခဲ့ရတယ်လို့ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက ပြောထား ပါတယ်။
ကျန်ရှီး၊ အန်ဟွီနဲ့ ဟူပိုင်ပြည်နယ်တွေမှာ ရေကြီးမှုတွေကြောင့် လူ ၂၃ ဦး သေဆုံးပျောက်ဆုံး နေပါတယ်။
နေအိမ်ပေါင်း ၈၉၀၀၀ ပျက်စီးခဲ့သလို စီးပွားရေးအရ တိုက်ရိုက်ဆုံးရှုံးမှုကလည်း ဒေါ်လာ ၇ ဘီလီယံဖိုးလောက် ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။