ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ဆေးကို လူ ၃၀၀၀ ဖြင့် စမ်းသပ်မည်

ချီလီနိုင်ငံမှာ လူ ၃၀၀၀ လောက်နဲ့ ကိုဗစ်-၁၉ ဆေးသုံးမျိုးကို ဩဂုတ်လဆန်းမှာ စတင် စမ်းသပ်တော့မယ်လို့ ချီလီကျန်းမာရေးဝန်ကြီး အင်းနရစ် ပဲရစ်က ဇူလိုင် ၁၇ မှာ ပြောပါတယ်။ ဒီဆေးတွေကတော့ တရုတ်ကုမ္ပဏီ စီနိုဗက်ဘိုင်အိုတက်ချ် Sinovac Biotech၊ ကန်စီနို ဘိုင်အိုလော့ဂျစ် CanSino Biologics နဲ့ ဗြိတိန်အောက်စဖို့ဒ်တက္ကသိုလ်နဲ့တွဲလုပ်နေတဲ့ အက်စထရာဇင်နီကာ Astra Zeneca တို့က ဆေးတွေ ဖြစ်ပါတယ်။  ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ဆေး ၁၆၃ မျိုးကို စမ်းသပ်ဖော်ထုတ်နေပြီး ဒီထဲက ၂၃ မျိုးကို လူတွေနဲ့စမ်းသပ်ကုသနေတာရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။  ဒါပေမဲ့ ဆေးနှစ်မျိုးသာ လူထောင်ချီတဲ့ အဆင့်နဲ့စမ်းသပ်ကုသနိုင်တဲ့ အဆင့်သုံးကို ရောက်တယ်လို့ သိရပါတယ်။  ချီလီမှာ ကိုဗစ်-၁၉အတည်ပြုလူနာဦးရေ ၃ သိန်း ၂ သောင်း ၆ ထောင် ကျော်ရှိနေပြီး သေဆုံး သူကလည်း ၂၈၄၀ ဦးထိ ရှိလာနေပါပြီ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up