A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်ရန် ရုရှားနှင့်ဗြိတိန် ဆေးကုမ္ပဏီနှစ်ခု သဘောတူလက်မှတ်ထိုး

ရုရှားဟက်ကာတွေက ကိုဗစ်နိုင်တင်းကာကွယ်ဆေးအချက်အလက်တွေကို ခိုးယူတယ်ဆို တဲ့ စွပ်စွဲချက်တွေရှိပေမယ့် ရုရှားဆေးကုမ္ပဏီ R-Pharm က ဗြိတိန်ဆေးကုမ္ပဏီ အက်စ်ထရာ ဇန်နက်ကာနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်ဖို့ သဘောတူလက်မှတ် ရေးထိုးခဲ့တယ်လို့ ရုရှားဆေးကုမ္ပဏီက ဇူလိုင်လ ၁၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။  “ရုရှားဟာ ဘာမှ ခိုးယူစရာမလိုဘူးဆိုတာကို  သဘောတူညီချက်က ပြသတယ်” လို့ ရုရှားဓန ရန်ပုံငွေအဖွဲ့အကြီးအကဲ  ကီရယ်-ဒီမီထရီယက်က ပြောပါတယ်။  “ရုရှားဟာ ဗြိတိန်ဆီက ဘာမှ ယူစရာမလိုပါဘူး။ အက်စ်ထရာဇန်နက်ကာက R-Pharmကို   အားလုံးပေးပြီးသားပါ။ အက်စ်ထရာဇန်နက်ကာက ကမ္ဘာမှာ အောက်စဖို့ကာကွယ်ဆေးထုတ်  လုပ်တဲ့ ဆေးကုမ္ပဏီတစ်ခု ဖြစ်လာမယ်”လို့ ဒီမီထရီယက်က ဆိုပါတယ်။  ရုရှား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကိုယ်တိုင် စမ်းသပ်ခံခဲ့တဲ့ ဒီမီထရီယက်က အဲဒီကာကွယ်ဆေးဟာ တခြားကာကွယ်ဆေးတွေထက် ပိုမိုသာလွန်ကောင်းမွန်တယ်လို့ ပြောပါတယ်။   “ရုရှားကာကွယ်ဆေး အစွမ်းထက်မှုက ကြာရှည်ခံတယ်။ ခိုင်လုံတဲ့ ဗိုင်းရပ်စ် နည်းပညာပေါ် အခြေခံတယ်။ နောက်ပြီး အမျိုးသမီးကိုယ်ဝန်ဆောင်နိုင်စွမ်းအပါအဝင် သိသာတဲ့ ဘေးထွက် ဆိုးကျိုး မရှိဘူး” လို့ သူက ပြောပါတယ်။  ရုရုားဟက်ကာတွေဟာ ကမ္ဘာတဝှမ်းက ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ကုသဆေး အချက် အလက်တွေကို ခိုးယူနေတယ်လို့ ဗြိတိန်၊ ကနေဒါနဲ့ အမေရိကန်တို့က ဇူလိုင်လ ၁၆ ရက်မှာ စွပ်စွဲလိုက်ပြီး အဲဒီစွပ်စွဲချက်တွေကို ရုရှားအစိုးရက ငြင်းဆိုထားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up