ရဲအရာရှိ ၁ ဦးကို လန်ဒန်ရဲတပ်ဖွဲ့ ရာထူး ဆိုင်းငံ့

1.1K
လူမည်းတစ်ယောက်လည်ပင်းကို ဒူးနဲ့ထောက်ထားပုံရတဲ့ ဗွီဒီယိုပေါ်ထွက်ခဲ့ပြီးနောက် ဇူလိုင် ၁၇ ရက်က လန်ဒန်ရဲတပ်ဖွဲ့ဟာ ရဲအရာရှိ တစ်ယောက်ကို ရာထူးက ခေတ္တ ဆိုင်းငံ့ လိုက်ပါတယ်။
လန်ဒန်ရဲတပ်ဖွဲ့ဒုတိယရဲမင်းကြီး စတိဗ်ဟောက်စ်က ဆိုရှယ်မီဒီယာမှာ ပျံ့နေတဲ့ အဲဒီ ဗွီဒီယိုဖိုင်ဟာ အင်မတန်စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပြောဆို ပါတယ်။
ဗွီဒီယိုထဲက ဖမ်းဆီးနည်းတချို့ဟာ အလွန်စိုးရိမ်ဖွယ်ဖြစ်ပြီး ရဲသင်တန်းကျောင်းက သင်ပေး လိုက်တာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
ဇူလိုင်လ ၁၆ ရက်က လန်ဒန်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ဖမ်းဆီးမှုကို သီးခြားရဲတပ်ဖွဲ့ စောင့်ကြည့်အဖွဲ့က စုံစမ်းစစ်ဆေးသွားမယ်လို့လည်း လန်ဒန်ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။