Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် ၁၄ ခုက တောင်သူများကို ၁ ဧက ကျပ် ၁ သိန်းခွဲကျော် ထောက်ပံ့မည်
DVB
·
July 18, 2020
တိုင်းနဲ့ပြည်နယ် ၁၄ ခုက ဧက ၁ သိန်းအတွက် မျိုးစေ့ထုတ်တောင်သူများကို ကိုဗစ် ၁၉ ကြောင့် စီးပွားရေးကုစားမှုအစီအစဉ်တစ်ရပ်အနေနဲ့ ၁ ဧက ကျပ် ၁ သိန်းခွဲကျော်နှုန်း ထောက်ပံ့ပေးအပ်သွားမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ “မျိုးစေ့ အမှန်တကယ်ထုတ်လုပ်နိုင်တဲ့ တောင်သူဖြစ်ရမယ်၊ မျိုးစေ့ထုတ်ရမယ့် နည်းပညာအားလုံးကို လိုက်နာကျင့်သုံးပြီးတော့ စပါးသီးနှံမှာ မျိုးစေ့အဖြစ် ဆောင်ရွက်ပေးမယ့် တောင်သူတွေကို အထွက်ကောင်းမျိုးစပါးဆိုရင် ၁ ဧကကို ကျပ် ၁၄၈,၅၀၀ နှုန်း၊ အရည်အသွေးကောင်း စပါးမျိုးဆိုရင် ၁ ဧကကို ကျပ် ၁၅၀,၅၀၀ ထောက်ပံ့ပေးသွားမယ်” လို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးသက်ဇင်မောင်က ပြောပါတယ်။ တောင်သူတွေရဲ့ မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းတွေ တိုးတက်အောင်၊ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်၊ မျိုးစေ့ထုတ်လုပ်တဲ့ တောင်သူတွေကို ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ်အရ ထောက်ပံ့တာလို့ သိရပါတယ်။ ဒီအစီအစဉ်မှာ ချင်းပြည်နယ်က လွဲပြီး ပြည်နယ်နဲ့ တိုင်း ၁၄ ခု ပါဝင်တယ်လို့ သိရပါတယ်။ ကျော်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024