ဗြိတိန်တွင် အောက်တိုဘာလမှစ၍ ပရိသတ်များ ကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ရမည်

1K
လာမယ့် အောက်တိုဘာလကစပြီး ကွင်းထဲကို ပရိသတ်တွေ ပြန်လည်ကြည့်ရှုခွင့် ပေးတော့မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာလိုက်ပါတယ်။
အားကစားပြိုင်ပွဲတွေကို ပြီးခဲ့တဲ့မတ်လက စတင်ပြီး ရပ်နားထားခဲ့ရာကနေ ပရီးမီးယားလိဂ်ပွဲတွေကိုတော့ ဇွန်လအတွင်းက ပြန်လည်စတင်ခဲ့ပါတယ်။
ဩဂုတ်လ ၁ ရက်ကစပြီး ရုံတွင်းအားကစားပြိုင်ပွဲတချို့ကို ပြန်လည်ကျင်းပခွင့်ပြုခဲ့ပြီး အောက်တိုဘာလမှာတော့ ပရိသတ်တွေ ပြန်လည်ကြည့်ရှုနိုင်တော့မယ်လို့ သိရပါတယ်။
ပထမအဆင့်အနေနဲ့ ခရစ်ကတ်ပြိုင်ပွဲ၊ မြင်းစီးပြိုင်ပွဲနဲ့ ကမ္ဘာ့စနူကာချန်ပီယံရှစ်ပွဲစဉ်တွေကို စတင်ကျင်းပခွင့်ပြုမယ်လို့ သိရပါတယ်။
လာမယ့်နှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမတစ်လတာအတွင်း ပွဲစဉ်တွေကိုတော့ ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်ရမှာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှ ခွင့်ပြုပေးမယ်လို့ သိရပါတယ်။