ဓာတ်ခွဲနမူနာ ၁,၇၂၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့
DVB
·
July 18, 2020
ဇူလိုင် ၁၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၇၂၄ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဓာတ်ခွဲနမူနာ ၉၈၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) က ဓာတ်ခွဲနမူနာ ၁၃၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၈၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ အခု ၂၈၀ နဲ့ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ က ဓာတ်ခွဲနမူနာ ၁၃၅ ခု၊ စုစုပေါင်း ၁,၇၂၄ ခု အား စစ်ဆေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၇၁ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုပြီးသူ ၂၅၇ ဦး၊ စောင့်ကြည့်လူနာအသစ် ၁၇ ဦး ရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ သန်းကျော်၊ သေဆုံးသူ ၅၉၉၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်လာသူ ၈ ဒသမ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။