ယန်ဇီမြစ် ရေကြီးရေလျှံမှု ထပ်ဖြစ်

1.6K
တရုတ်နိုင်ငံရဲ့အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်ဇီမြစ်မှာ ဇူလိုင်လ ၁၇ ရက်နေ့က ဒုတိယအကြိမ် ရေကြီး ရေလျှံခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်ထုတ်လုပ်ရာဆည်ဖြစ်တဲ့ မြစ်ကျဉ်းသုံးသွယ် ရေကန်မှာ လည်းအမြင့်ကနေ ရေလျှံစီးကျတာတွေက တစက္ကန့်ကို ကုဗမီတာ ၅၀၀၀၀ နှုန်းရှိခဲ့ပါတယ်။
ရေကြီးမှုကို ထိန်းချုပ်ဖို့ တရုတ် ရေအရင်းအမြစ်ဝန်ကြီးဌာနကတော့ အရေးပေါ်အဆင့်နှစ် သတ်မှတ်လိုက်ပါပြီ။ ဒီနေ့မနက်အစောပိုင်းမှာပဲ တိုင်ဟူကန်ဒေသမှာလည်း ရေကြီးမှုတွေ ဖြစ်နေ ပြီး ယန်ဇီမြစ်ရေဟာလည်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေဆဲပါ။
ယူနန်၊စီချွမ်နဲ့ဟူပိုင်ပြည်နယ်တို့က မြစ်ပေါင်း ၁၀၁ ခုမှာလည်း ရေကြီးရေလျှံနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။