စမ်းသပ် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀ ရုရှားထုတ်မည်

1.7K
စမ်းသပ် ကိုဗစ်-၁၉ ကာကွယ်ဆေး အရေအတွက် သန်း ၃၀ ကို အခုနှစ်အတွင်း ပြည်တွင်းမှာ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ရုရှားဓနရန်ပုံငွေအဖွဲ့အကြီးအကဲက ရိုက်တာကို ပြောပါတယ်။
ပထမဆုံးအကြိမ် လူသားနဲ့ကာကွယ်ဆေးစမ်းသပ်မှုဟာ ဒီသီတင်းပတ်မှာပဲ ပြီးဆုံးခဲ့ပြီး စမ်းသပ်ကာကွယ်ဆေးဟာ သုံးစွဲဖို့ ဘေးကင်းလုံခြုံတယ်လို့ သုတေသီတွေက ကောက်ချက်ချ ပါ တယ်။
ကာကွယ်ဆေးဟာ ကိုယ်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး တုံ့ပြန်မှုအားနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လူပေါင်းထောင်ချီပါဝင်တဲ့ ကာကွယ်ဆေးအဆင့် ၃ စမ်းသပ်မှုကို သြဂုတ်လမှာ စတင်သွားမယ်လို့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (RDIF)အကြီးအကဲက ပြောပါတယ်။
လောလောဆယ် ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း ၁၀၀ ကျော်ကို စမ်းသပ်နေပါတယ်။ အဲဒီထဲက နှစ်မျိုးဟာ နောက်ဆုံးအဆင့် ၃ လူသားနဲ့စမ်းသပ်တဲ့ အဆင့်ကို ရောက်နေပြီလို့ လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အချက်အလက်တွေအရ သိရပါတယ်။
တစ်မျိုးကတော့ တရုတ်ရဲ့ဆိုင်နိုဖမ်းကုမ္ပဏီကဖြစ်ပြီး နောက်တစ်မျိုးကတော့ အက်စ်ထရာ ဇန်နီကာဆေးကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရိုက်တာက ရေးပါတယ်။