ဩစတြေးလျ၌ ကိုဗစ်-၁၉ လူနာသစ်ထပ်တိုးလာသဖြင့် လူစုလူဝေးဖြင့် လှုပ်ရှားမှုများကို ပိတ်ပင်

1.1K
ကိုဗစ်-၁၉ အတည်ပြုလူနာအသစ်တွေ နေ့စဉ်မြင့်တက်လာနေလို့ ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်စ်ပြည်နယ်မှာ လူစုလူဝေးနဲ့ကခုန်တာ၊ သီချင်းဆိုတာ ၊ရောနှောသွားလာ နေထိုင်တာတွေကို ဇူလိုင် ၁၇ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။
ဒါဟာ အိမ်နီးချင်း ဗစ်တိုးရီးယားပြည်နယ်မှာလည်း နေ့စဉ်ကူးစက်နှုန်း မြင့်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့ဒုတိယလူဦးရေအများဆုံးဖြစ်ပြီး လူဦးရေ ၅ သန်းရှိတဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ၂၄ နာရီအတွင်း အတည်ပြုလူနာ ၄၂၈ ဦးတွေ့လို့ တစိတ်တပိုင်းလော့ဒေါင်း ပြန်ချထားရပါတယ်။
ဗစ်တိုရီးယားပြည်နယ်မှာ ကူးစက်နှုန်းမြင့်လာတာဟာ တနိုင်ငံလုံးအဆင့် ကိုဗစ် ဒုတိယ လှိုင်းထပ်ဖြစ်လာမယ့် စိုးရိမ်မှုတွေကို ဖြစ်စေပါတယ်။
နယူးဆောက်ဝေးလ်စ် ပြည်နယ်ဝန်ကြီးချုပ်ကတော့ အသုဘအခမ်းအနားတွေ၊ မင်္ဂလာ ဆောင်တွေနဲ့အိမ်တွင်းအခမ်းအနားကျင်းပရာနေရာတွေမှာ လာမယ့် သီတင်းပတ်ကစလို့ ကန့်သတ်ချက် အသစ်တွေ ချမှတ်သွားမယ်လို့ ပြောပါတယ်။