မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ ဇနီး ကွယ်လွန်
DVB
·
July 17, 2020
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ရဲ့ ဇနီးဖြစ်တဲ့ ဒေါက်တာ လှမျိုးခင်ဟာ ဒီကနေ့ မ နက်အစောပိုင်းမှာ ကွယ်လွန်သွားပါတယ်။
မြို့တော်ဝန်ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာတော့ ဇနီးဖြစ်သူရဲ့ နာရေးနဲ့ ပတ်သက်ပြီး ဖိတ်စာဓာတ်ပုံနဲ့အတူ ခုလိုရေးသားဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
“ကိုဗစ်ကြောင့် ကျန်းမာရေး စည်းကမ်းချက်များနဲ့အညီ လိုက်နာရမှာဖြစ်တဲ့အတွက် နာရေးကို လိုက်ပါပို့ဆောင်ခြင်းကို လျှော့ချထားပါတယ်။ အားလုံးရဲ့ မေတ္တာ စေတနာကို သိရှိခံစားရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်”
မြို့တော်ဝန်နဲ့ ဇနီးမောင်နှံဟာ မန္တလေးမြို့တော်စည်ပင်သာယာရေးနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ လုပ်ဆောင်လေ့ရှိတဲ့အတွက် လူသိများပါတယ်။
လက်ရှိမှာတော့ နာရေးသတင်းနဲ့ ပတ်သက်ပြီး ကြေကွဲဝမ်းနည်းရကြောင်း မှတ်ချက်တွေ ရေးသားနေကြပါတယ်။