အမေရိကန်တွင် ကိုဗစ်-၁၉ လူနာ ၃ သန်းခွဲကျော်ရှိလာ

984
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းက ဇူလိုင်လ ၁၆ ရက်မှာပဲ စုစုပေါင်း ၃ ဒသမ ၅၄ သန်း ကျော်သွားပါတယ်။
ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့စာရင်းအရ သေဆုံးသူကလည်း ၁၃၈၀၀၀ ကျော်ပါပြီ။ တနိုင်ငံလုံးမှာ ၂၄ နာရီအတွင်း အသစ်တွေ့အတည်ပြုလူနာ ၇၁၀၀၀ ကျော်တွေ့ခဲ့ရသလို သေဆုံးသူကလည်း ၉၆၆ ဦး ရှိခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက်ကတည်းက စီအဲန်အဲန်သတင်းအရလည်း အနည်းဆုံးပြည်နယ် ၃၉ ခုမှာ အသစ်တွေ့ အတည်ပြုလူနာတွေ တိုးလာနေပါတယ်။
ဖလော်ရီဒါပြည်နယ်က အဆိုးဆုံးဖြစ်ပြီး ဇူလိုင် ၁၄ ရက်မှာပဲ သေဆုံးသူ ၁၅၆ ဦးရှိပါတယ်။ တရက်ထဲ အတည်ပြုလူနာလည်း ၁၃၀,၀၀၀ ကျော်တွေ့တာပါ။
အခုတော့ ပြည်နယ် ၃၉ ခုစလုံးမှာ အများပြည်သူစုဝေးရာနေရာတွေမှာ နှာခေါင်းစည်းတပ်ဖို့၊ ဒါမှမဟုတ် မျက်နှာကို အကာအကွယ်တခုခု မဖြစ်မနေ ဖုံးအုပ်ထားဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။