Live
Home
မြန်မာသတင်း
မလေးရှားရောက် မြန်မာနိုင်ငံသား ၁၆၅ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခေါ်
DVB
·
July 17, 2020
မလေးရှားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၆၅ ဦးကို  ဇူလိုင် ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်နဲ့  ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ မြန်မာနိုင်ငံသား ၁၆၅ ဦးဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့  ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ရေးပြီး သတ်မှတ်နေရာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ် စောင့်ကြည့် Quarantine  ထားရှိမှာဖြစ်ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မလေးရှားနိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ဖို့ အခက်အခဲ ကြုံတွေ့နေရတဲ့  မြန်မာနိုင်ငံသား ၁၇၀ ဦးကို ရန်ကုန်သို့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။  ကိုဗစ်-၁၉ ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် မလေးရှားမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရစီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ၇ ကြိမ် ပျံသန်းပြေးဆွဲခေါ်ယူခဲ့ရာမှာ   စုစုပေါင်း ၉၇၃  ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- MOFA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024