Home
မြန်မာသတင်း
ပဲခူးစျေးသစ်ဆောက်မည့်နေရာရှိ နေအိမ်များ ဖယ်ရှားပေးရမှာကို ဒေသခံများ စိုးရိမ်
DVB
·
July 16, 2020
ပဲခူးမြို့မှာ သားငါးစျေးနဲ့ ကုန်စိမ်းစျေးအသစ်ဆောက်လုပ်မယ့် မြေနေရာမှာ လူနေအိမ်တချို့ ရှိနေပြီး စာရင်းလာကောက်တာတွေ ပြုလုပ်နေတဲ့အတွက် ဖယ်ရှားပေးရမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ပဲခူးမြစ်ကမ်းပါးဘေးမှာရှိတဲ့ ပဲခူးစျေးကြီးက သားငါးစျေးနဲ့ကုန်စိမ်းစျေးကို ပဲခူးမြို့ အရှေ့ မြို့ရှောင်လမ်းဘေး ရပ်ကွက်ကြီး ၇/၂ နေရာမှာ ကျပ်သိန်းပေါင်း ၂၈၀၀ ကျော်လောက် အကုန်ခံပြီး ဆောက်လုပ်ပေးဖို့ စီစဉ် နေပါတယ်။ အဲဒီလို ဆောက်လုပ်ဖို့အတွက် မြေနေရာ စတင်လျာထားနေပြီး လက်ရှိ မြေပြင်မှာရှိနေတဲ့ အခြေအနေတွေကို သက်ဆိုင်ရာတာ၀န်ရှိသူတွေက လာရောက်စစ်ဆေးတာတွေ နေအိမ်တွေကို စာရင်းကောက်ယူတာ တွေလုပ်နေကြတယ်လို့ဆိုပါတယ်။ အဲဒီအတွက် အဲဒီစျေးသစ်ဆောက်မဲ့ ရပ်ကွက်မြေနေရာပတ်၀န်းကျင်မှာ ရှိနေတဲ့ ဒေသခံနေအိမ်တွေက ဖယ်ရှားပေးရမှာကို စိုးရိမ်နေကြပါတယ်။ အဲဒီနေရာမှာရှိနေတဲ့သူတွေက ဂရမ်ရရှိထားတဲ့ နေအိမ်တွေဖြစ်ပြီး သူတို့အနေနဲ့ မဖယ်ရှားလိုကြပေမဲ့ အစိုးရအမိန့်ဖြစ်လို့ ဖယ်ပေးရမယ်ဆိုလည်း မတပ်နိုင်ဘူးလို့ ဒေသခံ ကိုဇော်မင်းသိန်းက ပြောပါတယ်။ ပဲခူးတိုင်းစည်ပင်၀န်ကြီးကတော့ “အခုလုပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးပြည်သူတွေကို အတတ်နိုင်ဆုံးထိခိုက်မှု မရှိအောင်လုပ်မှာပါ။ နေအိမ်တချို့ပါမယ်ဆိုလည်း ၇ လုံးလောက်ပါပဲ။ အဲဒီအတွက် ပြည်သူတွေမနစ်နာရအောင် ဆောင်ရွက်ပေးဖို့ရှိပါတယ်။”လို့ ပြောပါတယ်။ အဲဒီနေရာမှာ ကုန်စိမ်းစျေးနဲ့ သားငါးစျေးအပြင် ပြည်သူတွေအပန်းဖြေနိုင်ဖို့အတွက် ပန်းခြံ တွေ စားသောက်ဆိုင်တန်းတွေကိုပါ ဆောက်လုပ်ဖို့အတွက် ဇုံတွေ သက်မှတ်ပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ သတင်း -အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024