ထိုင်ဝမ်တွင် ကြည်း၊ ရေ၊ လေတပ်မတော် ပူးပေါင်း စစ်ရေးလေ့ကျင့်

1.5K
ထိုင်ဝမ်မှာ ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေက ကျူးကျော်လာတဲ့တပ်ဖွဲ့ဝင်တွေကို တွန်းလှန်ပုံ ပုံစံတူအကွက်ချပြီး ဇူလိုင်လ ၁၆ ရက်မှာ စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။
ဒါဟာ ထိုင်ဝမ်ကျွန်းနဲ့ဒီမိုကရေစီကို ကာကွယ်ဖို့ ဆုံးဖြတ်ချက်ကို ပြသတာလို့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က ပြောပါတယ်။
F-16 နဲ့ထိုင်ဝမ်ပြည်တွင်းထုတ် ချင်းကို တိုက်လေယာဉ်တွေက လေကြောင်းက တိုက်ခိုက်နေသလို တင့်ကားတွေကလည်း ကမ်းခြေက ပစ်မှတ်တွေကို ပစ်ခတ် ဖျက်ဆီးခဲ့ပါတယ်။
ထိုင်ဝမ်အလယ်ပိုင်း ထိုက်ကျုံးဒေသကမ်းရိုးတန်းမှာ စစ်သည်အင်အား ၈၀၀၀ ကျော် ပါဝင် လေ့ကျင့်ခဲ့တာပါ။ ဟန်ခွမ်းစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်မှာ နှစ်စဉ် လုပ်နေကျ စစ်ရေး လေ့ကျင့်မှုပါ။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းပတ်လည်မှာ စစ်ရေး လှုပ်ရှားမှု တိုးလုပ်ခဲ့ပြီး တိုက်လေယာဉ်တွေ ဗုံးကြဲလေယာဉ်တွေ ထိုင်ဝမ်ကျွန်းနား ကပ်ပြီး ပျံသန်းခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့မြင့်မြတ်တဲ့ ပိုင်နက်လို့လည်း တရုတ်ပြည်မကြီး အစိုးရက ခေါ်ဝေါ်ခဲ့ပါတယ်။
ဇန်နဝါရီလကမှ ပြန်ရွေးကောက်ခံထားရတဲ့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ကတော့ စစ်ရေး ခေတ်မီမှုကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။ ထိုင်ဝမ်ဟာ မနှစ်ကကာကွယ်ရေးအသုံးစရိတ်ကို ဆယ်စုနှစ်ကျော်ကာလအတွင်း အကြီးဆုံး တိုးမြှင့် သုံးစွဲထားပါတယ်။