Home
ရင်ဖွင့်စာ/ပေးစာ
ဈေးနှုန်းတိုးလာတဲ့ နေပြည်တော်စည်ပင်ရိပ်သာ
DVB
·
May 29, 2013
နေပြည်တော်စည်ပင်ရိပ်သာဟာ အများပြည်သူ သက်သာစွာ တည်းခိုနိုင်ဖို့ပါ။ ပထမနှစ် တွေမှာ ၃ ယောက်ပေါင်းအခန်း ၁ ခန်းကို ၄၅၀၀ ကျပ်ဆိုတော့ ၁ ယောက်ကို ၁၅၀၀ ကျသင့်ပါတယ်။ ၃ ယောက်ခန်းမှာ တယောက်တည်း တည်းရင် ၄၅၀၀ (သို့) ၄၀၀၀ ပေါ့ဗျာ။ အခုတော့ ၃ ယောက်ခန်းက ၆၀၀၀ ဆိုတော့ ၁ ယောက် ၂၀၀၀ ပါ။ ၅၀၀ တက်တာ မပြောလိုပါ။ သုံးယောက်ပေါင်းတည်းခန်းကို ၂ ဆောင်ပဲထားပြီး ကျန်အဆောင်တွေကို သီးသန့်တယောက်ခန်း ၆၀၀၀ လုပ်၍  ပေါင်းတည်းခန်း မရှိတော့ပါ။ သီးသန့် ၆၀၀၀ ခန်းပဲရှိတော့တယ်လို့ ပြောပြီး တယောက်ခန်း ထိုးပေးပါတော့တယ်။ မန်နေဂျာကို မေးတော့လည်း ပေါင်းတည်းက ပြည့်နေ တယ်။ မယုံရင် လိုက်ပြမယ်လို့ ပြောလိုက်သေးတယ်။ အဆောင်အများကြီးကို ပေါင်းတည်း ၂ ဆောင်သာထားတော့ ကျနော်တို့လို လက်လုပ်လက်စားသမားတွေအတွက် မတတ်နိုင်တော့ ထိုင်စောင့်ရပါတယ်။ အားလုံးအဆင်ပြေအောင် ပေါင်းတည်းအဆောင် များများထားစေချင်ပါတယ်။ ဝန်ထမ်းတွေက လုပ်စားတာလား။ နိုင်ငံတော်ရဲ့ပေါ်လစီလားတော့ မပြောတတ်ပါ။ ဒီအခက်အခဲကို နိုင်ငံတော် အကြီးအကဲတွေ သိရှိပြင်ဆင်နိုင်ဖို့ ဒီဗွီဘီကတဆင့် ရင်ဖွင့်လိုက်ရပါတယ်။ ခရီးသွားပြည်သူတဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024