တိုကျိုတွင် တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈၀ ကျော်အထိတွေ့ရှိ

ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာ ဇူလိုင် ၁၆ ရက်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၂၈၀ ကျော်အထိတွေ့နိုင်ပြီး တရက်တည်းမှာ အတည်ပြုလူနာ အများဆုံး စံချိန်တင်တာ ဖြစ်လိမ့်မယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အုပ်ချုပ်ရေးမှူး မစ္စ ယူရီကိုကိုအိခဲက အတည်ပြုလူနာစာရင်းကို ရေတွက်နေဆဲဖြစ်ပေမဲ့ စာရင်းက ၂၈၀ အထက်ရှိမယ်လို့ ပြောပါတယ်။  တိုကျိုမှာ ဇူလိုင်လ ၁၆ ရက်မှာပဲ ဗိုင်းရပ်စ်စစ်ဆေးမှု ၄၀၀၀ ကျော် လုပ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။  ဂျပန်ဟာ တခြားနိုင်ငံတွေလို လူထောင်သောင်းနဲ့ချီ သေဆုံးကူးစက်ခံရမှုတွေ တော့ မရှိသေးပါဘူး။ ဒါပေမဲ့ မြို့တော်တိုကျိုမှာ အသစ်တွေ့ လူနာတွေ များလာနေလို့  ကိုရိုနာဗိုင်းရပ်စ်သတိပေးချက်ကို အမြင့်ဆုံးအဆင့် သတ်မှတ်ထားပါတယ်။  ဂျပန်တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၂၂,၅၀၈ ဦးအနက် ၁၈,၅၄၅ ဦး ပြန်ကောင်းခဲ့ပြီး သေဆုံးသူကတော့ ၉၈၄ ဦး ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up