လားရှိုးမြို့ ဆူပူအကြမ်းဖက်မှု (ဓာတ်ပုံ)
DVB
·
May 29, 2013
ရှမ်းပြည်နယ် လားရှိုးမြို့မှာ မနေ့ ညနေ မြန်မာစံတော်ချိန် ၄ နာရီကျော်လောက်က ဒေါ်အေးအေးဝင်းကို ကျိုင်းတုံကနေ ရောက်ရှိနေထိုင်တဲ့ ဦးနေ၀င်းက ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့မှုဖြစ်ပွားခဲ့ပါတယ်။
ဒီနောက် ည ၇ နာရီခွဲလောက်မှာ ပြည်နယ်ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တဆိုင်ရဲ့ရှေ့က ခုံအချို့ကို လူအုပ်စုနဲ့ ရိုက်ချိုးဖျက်ဆီးမှု စဖြစ်ပွားခဲ့ပြီး ၃ ရပ်ကွက်က ဘာသာရေး အဆောက်အဦကို စတင်ဖျက်ဆီးမီးရှို့ခဲ့ကြပါတယ်။ အခင်းဖြစ်ပွားချိန် ည ၈ နာရီမှာ ရဲတပ်ဖွဲတွေ ရောက်ရှိလာပြီး လူစုခွဲပြီး မီးသတ်နဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ခွန်ဇော်ဦး
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/lashio/]