အင်္ဂလိပ်ကျွန်ကုန်သည်ရုပ်တုနေရာတွင် လူမည်းဆန္ဒပြမိန်းကလေးရုပ်တုဖြင့် အစားထိုး

1.3K
၁၇ ရာစု အင်္ဂလိပ်ကျွန်ကုန်သည်ရုပ်တုရဲ့နေရာမှာ အစားထိုးလိုက်တဲ့ လူမည်း ဆန္ဒပြမိန်းက လေးရုပ်တုကို ဘရစ်စတိုဒေသခံတွေက ကြိုဆိုကြပါတယ်။
ပြီးခဲ့တဲ့လတုန်းက လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်ဆန္ဒပြသူတွေက အင်္ဂလိပ်ကျွန်ကုန်သည် ရုပ်တုကို ဖြိုချခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက် မနက်မှာ လူမည်း ဆန္ဒပြ မိန်းကလေးရုပ်တုကို မြင်တွေ့ရတာပါ။
လက်သီးဆုပ်ပြီး လေထဲမြောက်ထားတဲ့ တက်ကြွလှုပ်ရှားသူ ဂျန်ရိဒ်ရဲ့ ရုပ်တုကို အနုပညာရှင် မက်ကွင်း ရဲ့အဖွဲ့တစ်ဖွဲ့က စိုက်ထူခဲ့တာ ဖြစ်ပါတယ်။
ရုပ်တုထားရှိတာနဲ့ပတ်သက်လို့ ရိုက်တာအင်တာဗျူးတဲ့ ဒေသခံတွေက ရုပ်တုသစ်ကို ကြိုဆိုတယ်လို့ ပြောဆိုခဲ့ပေမယ့် တစ်ယောက်ကတော့ လူမည်းလှုပ်ရှားမှုကို ဆန့်ကျင်သူတွေရဲ့ ဝေဖန်တာ ကြုံရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
အင်္ဂလိပ် ကျွန်ကုန်သည် အက်ဒ်ဝပ်ကော်စတန်ရဲ့ ရုပ်တုကိုတော့ ဘရစ်စတိုပြတိုက်မှာ ပြသသွားမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။