Home
မြန်မာသတင်း
ဆယ်ကျော်သက်အဆိုတော် မေလသံစဉ်တေးအယ်လ်ဘမ်သစ် (ရုပ်သံ)
DVB
·
July 16, 2020
       ပရိသတ်အချစ်တော် ဆယ်ကျော်သက် အဆိုတော်ကောင်မလေး မေလသံစဉ်ရဲ့ တေးအယ်လ်ဘမ်သစ်တချပ် ထွက်ရှိလာခဲ့ပြီး လတ်တလော ပရိသတ်တွေကြား ရေပန်း စားနေခဲ့ပါတယ်။        “ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်”လို့ အမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ် ကတော့ မြန်မာသံစဉ်တေးသီချင်းဟောင်းတွေကို မေလသံစဉ်ရဲ့ ပြန်လည်ဆန်းသစ်သီဆို မှုနဲ့အတူ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။        ဒီတေးအယ်လ်ဘမ်ထဲမှာတော့ နာမည်ကျော် သီချင်းဟောင်း၊ သီချင်းကောင်းတွေ ဖြစ်တဲ့ ကျောင်းပိတ်ရက်၊ ရုန်းတော်လွှတ်တော်၊ လဲ့လဲ့ဝင်း၊ ချစ်၍ခေါ်ရာ၊ ရွှေမိုးညို၊ မြင်း လှည်းလေးနဲ့ခေါ်၊ မြတ်လေးငုံ၊ တစ်လိမ်နှစ်လိမ်၊ မြပန်းခွေစတဲ့ သီချင်း ၉ ပုဒ်ပါဝင်ပြီး စုံတွဲအဆိုရှင်တွေအနေနဲ့ နာမည်ကြီး လူငယ်တေးသံရှင်တွေဖြစ်ကြတဲ့ ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ အုပ် စိုးခန့်၊ နေမင်းအိမ်တို့က ပါဝင်အားဖြည့်ပေးထားကြတာ ဖြစ်ပါတယ်။        ကာဗာသီချင်းတွေကို သီဆိုရင်း အင်တာနက်စာမျက်နှာတွေပေါ်မှတဆင့် ပရိ သတ်တွေ ရင်ထဲရောက်ရှိလာခဲ့တဲ့ မေလသံစဉ်ဟာ ငယ်ငယ်ကတည်းက ဂီတကို ဝါသနာ ပါခဲ့ပြီး စန္ဒရား၊ ဂစ်တာစတဲ့ တူရိယာတွေကို ကိုယ်တိုင်တီးခတ်ပြီး ဖျော်ဖြေလေ့ရှိသလို သီချင်းတွေကို ရေးဖွဲ့နိုင်တဲ့ တေးရေးတယောက်လည်း ဖြစ်ပါတယ်။        ချစ်စဖွယ်သွင်ပြင်နဲ့ မူဟန်ပိုပို သရုပ်ဆောင်နိုင်တဲ့ မေလသံစဉ်ဟာ မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲအတွက် ရွှေကြိုမောင်မယ်ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး Grand Final အဆင့်ထိ တက် ရောက်ခွင့်ရခဲ့ပေမယ့် အဘိုးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။        သူ့ရဲ့ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ Celebrity တေးအယ်လ် ဘမ်၊ သီချင်း ၂ ပုဒ်ပါ လူကြီးကိုရစ်ခွင့်ပေးပါစတဲ့ တေးအယ်လ်ဘမ်တွေအပြင် တကိုယ် တော် ဆင်ဂယ်လ် သီချင်းတွေဖြစ်တဲ့ နတ်သားပုံပြင်၊ ကိုယ်ချင်းစာ စတဲ့ သီချင်းတွေဟာ လည်း ထင်ရှားပါတယ်။        ခုနောက်ဆုံးထွက်ရှိထားတဲ့ “ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်” တေးအယ်လ် ဘမ်ထဲက သီချင်းတွေကိုတော့ အင်တာနက်ဂီတပလက်ဖောင်းတွေဖြစ်တဲ့ Myanmar Music Store ၊ Legacy ၊ Joox နဲ့ မေလသံစဉ်ရဲ့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်ကတဆင့်လည်း ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။ https://www.facebook.com/LegacyMusicYangon/videos/760464521432081/ Youtube ပေါ်မှ နားဆင်နိုင်မည့် လင့်ခ်များ ကျောင်းပိတ်ရက် https://youtu.be/cgyfdOlJaUU?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB   ရုန်းတော်လွှတ်တော် https://youtu.be/FiY_HYlpW2E?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB  လဲ့လဲ့ဝင်း https://youtu.be/xxDCrGe4IZc?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB  ချစ်၍ခေါ်ရာ https://youtu.be/RNJ8TnKSWnQ?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB ရွှေမိုးညို https://youtu.be/cbtkaDEVMgQ?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB  မြင်း လှည်းလေးနဲ့ခေါ် https://youtu.be/I9uDm7GCogw?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB မြတ်လေးငုံ https://youtu.be/r13rroSojBw?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB တစ်လိမ်နှစ်လိမ် https://youtu.be/B4wBo9miXhg?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB မြပန်းခွေ https://youtu.be/Yryed0UeV4w?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB https://www.facebook.com/LegacyMusicYangon/videos/760464521432081/ https://www.youtube.com/playlist?list=PLHBlHpceNMv0rc0OzRJb4ws-QFPej0lAB&fbclid=IwAR1cl8A2dK2LC8VQ2L3E3o98SMCm8XnxOfcsnNBDyywHNKqS_V5YCd_oOvc
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024