ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက် စတင်မည်

ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်ကစပြီး တစ်နေ့ကို  ၄ ပွဲနှုန်းနဲ့ ကျင်းပမယ်လို့ အတည်ပြုလိုက်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်း ၃၂ သင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် အုပ်စုပွဲစဉ်တွေကို မြို့ ၅ မြို့က ကွင်း ၈ ကွင်းမှာ ကျင်းပသွားမှာပါ။  အချိန်ဇယားတွေလည်း ထုတ်ပြန်ခဲ့ရာမှာ ကာတာအသင်း ပထမဆုံး ကစားမယ့် ဖွင့်ပွဲကို ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှာ စတင်မှာဖြစ်ပြီး မြန်မာစံတော်ချိန်  အနေနဲ့ ညနေ ၄နာရီခွဲမှာ ကြည့်ရူကြရမှာပါ။ နောက်ထပ်ပွဲစဉ်တွေကိုတော့ မြန်မာစံတော်ချိန်ည ၇နာရီခွဲ၊ ၁၀ နာရီခွဲနဲ့  နံနက်၁ နာရီခွဲတွေမှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ဒီဇင်ဘာ ၃ ရက်၊ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဒီဇင်ဘာ ၉ ရက်၊ ဆီမီးဖိုင်နယ် ပွဲတွေကို ဒီဇင်ဘာ ၁၃ ရက်နဲ့ တတိယလုပွဲနဲ့ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၇၊ ၁၈ ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အုပ်စုမဲခွဲပွဲကိုတော့ ၂၀၂၂ ခုနှစ် ဧပြီလမှာ ကျင်းပမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up