Home
မြန်မာသတင်း
မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် ထိုင်းက ဘတ်ငွေ ၁ ဒသမ ၄၅ ဘီလီယံ ထုတ်ချေးမည်
DVB
·
July 15, 2020
မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းအစိုးရက ဘတ်ငွေ ၁ ဒသမ ၄၅ ဘီလီယံ ထုတ်ချေးသွားဖို့ အတည်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရက်ချ်ဒါ ဒါနာဒီးရက်ခ်က ဒီချေးငွေဟာ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေး ပိုမိုခိုင်မြဲစေဖို့ ကနဦးအစိတ်အပိုင်းတခုဖြစ်တယ်လို့ ဇူလိုင် ၁၄ ရက်နေ့က ပြော လိုက်ပါတယ်။ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(အဲန်စီအီးဒီစီ)အနေနဲ့ မြန်မာနိုင်ငံအပေါ် ချေးငွေတိုးမြှင့်စီစဉ်ပေးဖို့ တာဝန်ရှိနေပြီး ဒီချေးငွေဟာ ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်နိုင်မှု တိုးတက်ရေးနဲ့ ဆောက် လုပ်ရေးဆိုင်ရာကဏ္ဍတွေအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒီချေးငွေဟာ ထိုင်းအစိုးရရဲ့ ၂၀၂၁-၂၀၂၃ ဘဏ္ဍာရေး ၅ နှစ်တာကာလ ဘတ်ဂျတ် ၇၂၉ ဒသမ ၁၂ ဘီလီယံထဲကနေ ထုတ်ပေးသွားမှာဖြစ်တယ်လို့ ရက်ချ်ဒါ ဒါနာဒီးရက်ခ်က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ချေးငွေအပေါ် တနှစ်အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့အတူ နှစ် ၃၀ စာချုပ်နဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ စာချုပ်ပါ သဘောတူညီချက်တွေအရ မြန်မာနိုင်ငံအနေနဲ့ ဒီစီမံကိန်းမှာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံက ရယူရမှာဖြစ်ပြီး ထိုင်းကန်ထရိုက်၊ အကြံပေးအင်ဂျင်နီယာတွေနဲ့ အကောင်အထည်ဖော်ဆောင်ရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံဟာ စင်ကာပူနဲ့ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံမှာ တတိယ မြောက်  ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024