ဩစတြေးလျတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ထိန်းချုပ်ရန် လော့ဒေါင်း တင်းကျပ်

1K
သြစတြေးလျ အရှေ့တောင်ပိုင်းမှာ ကိုဗစ်-၁၉ ရောဂါ အသစ်တဖန် ခေါင်းထောင်လာတာကို ထိန်းချုပ်ဖို့အတွက် ဇူလိုင် ၁၄ ရက်က ပြည်နယ်တွေဟာ အသွားအလာကန့်သတ်ချက်တွေကို ပိုမိုတင်းကျပ် ဆောင်ရွက်နေပါတယ်။
နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဖြစ်မှာကို စိုးရိမ်တာနဲ့အတူ ပြည်နယ်နှစ်ခုက နယ်စပ်ကန့်သတ်ချက်တွေကို တားမြစ်ခဲ့ပြီး လူဦးရေ အထူထပ်ဆုံးပြည်နယ်ကတော့ ဘီယာဆိုင်ကြီးတွေကို ဝင်ခွင့်ပြုတဲ့ လူအရေအတွက်ကို ကန့်သတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က လူဦးရေ ၅ သန်းနီးပါးရှိတဲ့ ပြည်နယ်မြို့တော် မဲလ်ဘုန်းမှာ လော့ဒေါင်း ပြန်ချခဲ့ပေမယ့် ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်သူအသစ်တွေ ထပ်တွေ့တာမို့ တင်းကျပ်မှုတွေ ချမှတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အသစ်ကူးစက်သူ ၂၇၀ တွေ့ခဲ့ပြီးနောက် ပြည်နယ်မှာ ကူးစက်သူ ၂,၀၀၀ နီးပါးအထိ မြင့်တက်လာပါတယ်။
သြစတြေးလျမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၀,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၁၀ ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။