မက္ကဆီကို သမ္မတ၏ ဂျက်လေယာဉ်ကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် လေလံတင်

မက္ကဆီကို သမ္မတရဲ့ ဂျက်လေယာဉ်ကို အမည်မဖော်လို့တဲ့ ဝယ်သူတစ်ယာက်က ငွေသား တစိတ်တပိုင်း၊ ဆေးဘက်ဆိုင်ရာ ကိရိယာတစိတ်တပိုင်းနဲ့ လဲလှယ်ဖို့ ကမ်းလှမ်းပြီးနောက်မှာ အစိုးရက လေယာဉ်ကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ နဲ့ လေလံတင်ဖို့ စဉ်းစားနေတယ်လို့ အစိုးရအရာရှိတစ်ဦးက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။ မက္ကဆီကို သမ္မတ လိုပက်ဇ်အိုဘရေဒိုဟာ ပိုမိုခြိုးခြံချွေတာတဲ့ အစိုးရ ဖြစ်စေရမယ်ဆိုတဲ့  မဲဆွယ်ပွဲ ကတိကို  ဖြည့်ဆည်းပြီး အရင်သမ္မတရဲ့ Boeing 787 Dreamliner လေယာဉ်ကို ရောင်းချထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရာမှာ သမ္မတ အိုဘရေဒိုဟာ ခရီးသည်တင်လေယာဉ် ရိုးရိုးတန်းကနေ  စီးနင်းခဲ့ပါတယ်။  သမ္မတ အိုဘရေဒိုက ရောင်းချမယ့် ဂျက်လေယာဉ်၊ တခြားလေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို  တန်ဖိုးလျှော့မ‌ရောင်းဖို့ ညွှန်ကြားထားတယ်လို့ လေယာဉ်ရောင်းချရာမှာ ပါဝင်တဲ့ နိုင်ငံပိုင် ဖွံဖြိုးရေးဘဏ်အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   ဂျက်လေယာဉ်ကို ဝယ်မယ့်သူက ငွေသားနဲ့ ဆေးဘက်ဆိုင်ရာကိရိယာ ပေးဖို့ ကမ်းလှမ်းထားပြီး  လျှို့ဝှက်ကိစ္စမို့ ဝယ်သူ ဘယ်သူဘယ်ဝါ ဆိုတာ မပြောနိုင်ဘူးလို့ သူက ဆိုပါတယ်။  ကပ်ရောဂါကာလအတွင်း မက္ကဆီကိုဟာ တခြားနိုင်ငံတွေလိုပဲ ဆေးဘက်ဆိုင်ရာကိရိယာတွေကို ရရှိဖို့ ကြိုးပမ်းနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up