အမေရိကန် စစ်သင်္ဘော မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၀ ကျော်ကို ဆေးရုံတင်

1.3K
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယေဂိုမြို့က ရေတပ်အခြေစိုက်စခန်းမှာ ကျောက်ချထားတဲ့ အမေရိကန် စစ်သင်္ဘော မီးလောင်နေတာကို ဒုတိယမြောက်နေ့ထိ ဆက်လက် ငြှိမ်းသတ်နေရပါတယ်။
အနားက ရေတပ်ရေယာဉ် ၂ စီးကိုလည်း ဘေးလွတ်ရာ နေရာပြန်ချပေးခဲ့ရပြီး အသေးစား ဒဏ်ရာရထားတဲ့ လူ ၂၁ ယောက်ကို ဆေးရုံတင်ပို့ထားရတယ်လို့ ဒေသခံ မီးသတ်အရာရှိတွေနဲ့ စစ်တပ်က ပြောပါတယ်။
USS ဘိုဟင်းမ်ရစ်ချတ် စစ်သင်္ဘောဟာ ကုန်း ရေ ၂ တန်သွားသင်္ဘော ဖြစ်ပြီး ပုံမှန် ပြုပြင်ထိန်းသိမ်းဖို့ ဆိပ်ကမ်းကို ကပ်ထားချိန် ဒေသစံတော်ချိန် မနက် ၈ နာရီခွဲလောက်မှာ ပေါက်ကွဲ မီးလောင်ခဲ့တာလို့ စန်တီယေဂို မီးသတ်ကယ်ဆယ်ရေးဌာနက အစီရင်ခံပါတယ်။
ပေါက်ကွဲမှုဟာ လောင်စာ ဒါမှမဟုတ် စစ်လက်နက်ပစ္စည်းတခုခုကြောင့် ပေါက်ကွဲတာ မဟုတ်ဘဲ ဖိအားကြောင့် ကျဉ်းမြောင်းတဲ့ နေရာလွတ်ကနေ အပူငွေ့တွေ အမြန်ထုတ်ရာက ပေါက်ကွဲတာလို့ ရေတပ်ဗိုလ်ချုပ် ဖိလစ်ဆိုဘက်ခ်က ဇူလိုင် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မီးလောင်ရတဲ့ ရင်းမြစ်အတိအကျကိုတော့ မသိရသေးပါဘူး။ သွေးရိုးသားရိုး မဟုတ်တဲ့ ပေါက်ကွဲ မီးလောင်မှုဖြစ်ပေမဲ့ သက်သေတော့မရှိဘူးလို့ ရေတပ် ပြောခွင့်ရက ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။