Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအမိန့်များ ဇူလိုင် ၃၁ ရက်အထိ သက်တမ်းထပ်တိုး
DVB
·
July 14, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့တာကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက်  ဇူလိုင်လ ၁၅ ရက်နေ့အထိ  သတ်မှတ်ထားတဲ့ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ အမိန့်တွေကို ဇူလိုင် ၃၁  ရက်အထိ ထပ်တိုးလိုက်ပါတယ်။ ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေ (ဖြေလျှော့ပေးထားတဲ့ ကိစ္စရပ်တွေမပါ) ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်လိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင် ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။  အမိန့်ကြေညာချက်တွေထဲမှာ  ပြည်တွင်းကို နိုင်ငံခြားက ခရီးသည်တင်လေယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်တာ၊ လူစုလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာတွေ ထပ်တိုးနေဆဲဖြစ်ပြီး ဒီနေ့ ဇူလိုင် ၁၄ မနက် ၈ နာရီအထိ အတည်ပြုလူနာ ၃၃၆  ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၇ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၆၁ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၄၉  ဦးကို သတ်မှတ် နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024