ချောက်မြို့အနီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
July 13, 2020
မြန်မာနိုင်ငံပြည်တွင်း ချောက်မြို့အနီး ပြင်းအား ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဒီကနေ့မွန်းလွဲပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလ ဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၃ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၇ မိနစ်၊ ၂ စက္ကန့်အချိန် ညောင်ဦးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၄၂ မိုင်ခန့် ကွာဝေးတဲ့ ချောက်မြို့ရဲ့ တောင်-အနောက်တောင်ဘက် ၂၁ မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၆၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၆၈ ဒီဂရီ၊ အနက် ၄၈ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်သွားတာလို့ ဆိုပါတယ်။
ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်လောက်ကလည်း မကွေးမြို့အနီးမှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီး မနေ့ညကလည်း မကွေးတိုင်း သရက်မြို့မှာ အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။