Homeမြန်မာသတင်း
အမေရိကန်တွင် ကျောင်းများပြန်ဖွင့်ရေး ဆင်ခြင်သုံးသပ်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖွဲ့ အကြီးအကဲပြော
အမေရိကန်တွင် ကျောင်းများပြန်ဖွင့်ရေး ဆင်ခြင်သုံးသပ်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖွဲ့ အကြီးအကဲပြော
DVB
·
July 13, 2020
အမေရိကန်နိုင်ငံအတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖွဲ့ အကြီးအကဲက ကျောင်းတွေကို ပြန်ဖွင့်ရေး သေသေချာချာ စဉ်းစားပြီး အပြန်အလှန် ဆင်ခြင်သုံးသပ်ဖို့ ဇူလိုင် ၁၂ ရက်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုကို ထရမ့်အစိုးရက တုံ့ပြန်ပုံနဲ့ပတ်သက်ပြီးလည်း ဝေဖန်ပြစ်တင်လိုက်ပါတယ်။
“ကျနော်တို့ ကလေးတွေကို အကောင်းဆုံးပညာရေး ဘယ်လိုပေးမလဲ၊ ဘယ်လို ဘေးကင်းတဲ့ နည်းလမ်းနဲ့ ပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ စီစဉ်နေတယ်”လို့ မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကပ်ရောဂါကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်မှုကို ရင်ဆိုင်နေရတဲ့ ထရမ့်ဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြန်ပြီး ရွေးကောက်ခံနိုင်ဖို့ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးခဲ့ပါတယ်။
ကျောင်းတွေကို ပြန်မဖွင့်ရင် ပြည်ထောင်စုရန်ပုံငွေနဲ့ အခွန်ကင်းလွတ်ခွင့်ကို ဘဏ္ဍာရေးဌာနက ပြန်စစ်ဆေးမယ်လို့လည်း ထရမ့်က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
အစိုးရရဲ့ကပ်ရောဂါဘေးကို တုံ့ပြန်ပုံက မတူတဲ့ပြည်နယ် ၅၀ မှာ မတူတဲ့ဗျူဟာ ၅၀ ရလဒ်အဖြစ် ထွက်လာတယ်လို့လည်း သူက ပြောပါတယ်။
ဇူလိုင်လထဲမှာ အမေရိကန်နိုင်ငံအတွင်း ပြည်နယ် ၂၄ ခုမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တိုးလာတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။