A d v e r t i s e m e n t With Us

နီပေါတွင် ရုတ်တရက် ရေကြီး မြေပြိုသဖြင့် ၁၀ ဦး သေဆုံး

နီပေါနိုင်ငံအလယ်ပိုင်း မီယာဂီခရိုင်ထဲမှာ ဇူလိုင် ၁၂ ရက်က ရုတ်တရက် ရေကြီးပြီး မြေပြိုလို့ နောက်ထပ် လူ ၁၀ ဦး သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။ နိုင်ငံတလွှား ရေကြီး မြေပြိုမှုတွေကြောင့် ဇူလိုင် ၁၁ ရက်အထိ လူ ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူအများစုက မြို့တော်ခတ္တမန္ဒူရဲ့ အနောက်မြောက်ပိုင်း ၁၂၅ မိုင်အကွာ မီယာဂီခရိုင်ထဲက ဖြစ်ပါတယ်။ လူဒါဇင်ချီ ပျောက်ဆုံးနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေရပြီး ထောင်ချီတဲ့ လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးပြီးပါပြီ။ တောင်ထူတဲ့ နီပေါနိုင်ငံထဲမှာ ဇွန်ကနေ စက်တင်ဘာထိ နှစ်စဉ် မုတ်သုံရာသီအတွင်း ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်လေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up