မကွေးမြို့အနီး ရစ်(ခ်)တာစကေး ၄ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
July 13, 2020
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးမှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ၊ ၁၆ မိနစ် ၃၂ စက္ကန့် အချိန် နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၇၆ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (မကွေးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၃ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၉၉ ဒီဂရီ၊ အနက် ၅၅ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မနေ့ညကလည်း မကွေးတိုင်း သရက်မြို့မှာ အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- မိုးဇလ