A d v e r t i s e m e n t With Us

၂၄ နာရီအတွင်း ကမ္ဘာတဝန်း ကိုဗစ်-၁၉ လူနာသစ် ၂ သိန်း ၃ သောင်းကျော် စံချိန်တင်တွေ့ရှိ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် တွေ့တာ ဇူလိုင်လ ၁၂ ရက်မှာ စံချိန်တင် တွေ့ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။  ၂၄ နာရီအတွင်း အသစ်တွေ့ အတည်ပြုလူနာ စုစုပေါင်း ၂ သိန်း ၃ သောင်း ကျော်ခဲ့တာပါ။ WHO ရဲ့ နေ့စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ  လူနာစာရင်း အများဆုံးတိုးတာဟာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့ ဖြစ်တယ်လို့ သိရပါတယ်။  ကမ္ဘာတဝန်းလုံး သေဆုံးနှုန်းကလည်း တနေ့ကို ၅၀၀၀ လောက် ရှိနေပါတယ်။  ကမ္ဘာတဝန်း ဇူလိုင်လ ၁၃ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ သန်းကျော်နဲ့ သေဆုံးသူ ၅ သိန်း ၇ သောင်းကျော် ရှိပြီလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up