မန်ယူအသင်းက လူငယ်ကစားသမားများကို ဆွဲဆောင်ဆဲဟု ဆိုးလ်ရှားပြော

1.3K
မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်ကစားသမားတွေကို ဆွဲဆောင်မှုရှိနေဆဲအသင်းလို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ နော်ဝေလူငယ်တိုက်စစ်မှူး ဟာလန်းကို မန်ယူအသင်းက ခေါ်ယူလိုပေမယ့် ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မန်ယူအသင်းဟာ လူငယ်ကစားသမားတွေအတွက် ဆွဲဆောင်မှုရှိနေသေးလားဆိုတဲ့ မေးခွန်းအပေါ်မှာ နည်းပြဆိုးလ်ရှားက ပြန်လည်ဖြေကြားခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်ကစားသမားတိုင်းရဲ့ အိပ်မက်အသင်းဖြစ်နေဆဲဖြစ်ပြီး အသင်းမှာလည်း လူငယ်ကစားသမားတွေကို အလေးထားတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
လူငယ်ကစားသမားတွေကို အောင်မြင်မှုရရှိအောင် ပျိုးထောင်နိုင်တယ်ဆိုတာကို လက်ရှိ အသင်းတိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို နည်းပြဆိုးလ်ရှားက သာဓကပြ ချီးကျူးခဲ့ပါတယ်။
မန်ယူအသင်းဟာ အသင်းရဲ့ အစဉ်အလာအတိုင်း လူငယ်တွေကို အမြဲတမ်းအခွင့်အရေးပေးတဲ့ အသင်းဖြစ်တယ်လို့လည်း ဆိုးလ်ရှားပြောပါတယ်။