အသင်းပြောင်းရွှေ့ရန် ဆွေးနွေးခဲ့ခြင်းမရှိဟု နာပိုလီနောက်ခံလူ ကူလီဘာလီ ပြော

အသင်းပြောင်းရွှေ့ဖို့ တကြိမ်တခါမှ မဆွေးနွေးဖူးသေးဘူးလို့ နာပိုလီနောက်ခံလူ ကူလီဘာလီက ပြောပါတယ်။  အသက် ၂၉ နှစ်ရှိ ဗဟိုနောက်ခံလူ ကူလီဘာလီကို မန်စီးတီးနဲ့ မန်ယူအသင်းတွေအပြင် တခြားထိပ်တန်းကလပ်တွေကပါ ခေါ်ယူလိုနေတာပါ။  အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းစာတွေ နေ့စဉ်ဖတ်နေရပေမယ့် နာပိုလီကနေ ထွက်ခွာဖို့ တစ်ကြိမ်တစ်ခါမှာ ဆွေးနွေးဖူးခြင်းမရှိသေးဘူးလို့ အီတလီသတင်းစာတစ်စောင်နဲ့ အင်တာဗျူးမှာ ကူလီဘာလီက ပြောပါတယ်။  အသင်းနဲ့ ဖြေရှင်းစရာ တခုခုရှိရင်တော့ အဖြေတစ်ခုရှာသွားရမှာဖြစ်ပေမယ့် နာပိုလီမှာ ဆက်နေပြီး ပွဲတွေကစားဖို့ပဲ ရာနူန်းပြည့်အာရုံစိုက်ထားတယ်လို့ ကူလီဘာလီက ပြောပါတယ်။  သူ့ရဲ့ အနာဂတ်ဟာ နာပီုလီအသင်းဥက္ကဋ္ဌအပေါ်မှာ မူတည်ပြီး အသင်းက စာချုပ်သက်တမ်းတိုးမယ်ဆိုရင် ကစားသမားဘဝကနေ အနားယူချိန်အထိ နာပိုလီအသင်းမှာပဲ ဆက်ကစားသွားမယ်လို့ ကူလီဘာလီက ပြောကြားခဲ့ပါတယ်။  ၂၀၁၄ ခုနှစ်က ဂျန့်အသင်းကနေ ပြောင်းရွှေ့လာတဲ့ ကူလီဘာလီဟာ နာပိုလီအတွက် စုစုပေါင်း ၂၃၉ ပွဲအထိ ကစားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up