A d v e r t i s e m e n t With Us

ဂိုးမသွင်းနိုင်ပေမဲ့ ရက်ရှ်ဖို့ဒ် အကောင်းဆုံးခြေစွမ်းပြသနေဟု ဖာနန်ဒက်စ် ချီးကျူး

ရက်ရှ်ဖို့ဒ် ဂိုးအများကြီးမသွင်းနိုင်သေးပေမယ့် အကောင်းဆုံးခြေစွမ်းပြနေတယ်လို့ အသင်းဖော် ဖာနန်ဒက်စ်က ချီးကျူးလိုက်ပါတယ်။  မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ ၁ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အဲဒီမတိုင်ခင်က ၅ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့တာပါ။  ရက်ရှ်ဖို့ဒ် ဂိုးအများကြီး မသွင်းနိုင်ဘူးလို့ ဝေဖန်နေကြပေမယ့် သူဟာ အံ့အားသင့်စရာကောင်းတဲ့ ခြေစွမ်းပြသနေသူဖြစ်ပြီး မကြာခင် ဂိုးတွေ ပြန်လည်သွင်းယူနိုင်လိမ့်မယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။  ဘောလုံးမှာ ဂိုးသွင်းယူတာနဲ့ ဂိုးဖန်တီးတာတွေပဲ အရေးကြီးတာမဟုတ်ဘဲ အသင်းလိုက် ကစားပုံက ပိုအရေးကြီးတယ်လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။  ရက်ရှ်ဖို့ဒ်ဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၁၅ ဂိုးသွင်းပြီး ၆ ကြိမ် ဂိုးဖန်တီးထားပါတယ်။  ရက်ရှ်ဖို့ဒ်အနေနဲ့ ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူခဲ့ရတာကြောင့် ယုံကြည်မှုပြန်ရဖို့ ခက်ခဲသွားတာဖြစ်ပြီး သူ့ရဲ့ ကြိုးစားမှုတွေက ချီးကျူးမှုတွေနဲ့ ထိုက်တန်တယ်လို့လည်း ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up