A d v e r t i s e m e n t With Us

နီပေါဝန်ကြီးချုပ် ရှာမာအလီ ရာထူးမှထွက်ရန် ငြင်းဆန်

နီပေါနိုင်ငံအတွင်း လက်ရှိအာဏာရပါတီထဲက တင်းမာမှု နက်ရှိုင်းလာနေချိန်မျာ ဝန်ကြီး ချုပ် ကေပီရှာမာအလီက ရာထူးက နုတ်ထွက်ဖို့ ငြင်းဆန်လိုက်ပါတယ်။  ပိုင်နက်၊ ဂုဏ်သိက္ခာနဲ့ ညီညွတ်ရေး တိုးမြှင့်ဖို့ ခိုင်ခိုင်မြဲမြဲရပ်တည်သွားမယ်လို့ ဝန်ကြီးချုပ်က ဇူလိုင်လ ၁၀ ရက် ရုပ်သံမိန့်ခွန်းအတွင်း ပြောပါတယ်။  လက်ရှိအာဏာရ နေပယ်ကွန်မြူနစ်ပါတီအတွင်း ပြိုင်ဘက်ဂိုဏ်းကွဲတွေက ဝန်ကြီးချုပ် ရာထူးက ဆင်းပေးရေး တောင်းဆိုမှု တိုးနေပါတယ်။  အလယ်အလတ်ကွန်မြူနစ်ဝါဒီ ဝန်ကြီးချုပ်နဲ့ ပါတီဥက္ကဋ္ဌ ပရာချာဒါတို့ကြား အစည်းအဝေး တွေ ဆက်တိုက်လုပ်အပြီး အဖြေမထွက်နိုင်ဘဲ တင်းမာမှု တိုးလာတာပါ။ ၂၀၁၇ ရွေးကောက်ပွဲမှာ တုန်လှုပ်စရာကောင်းလောက်အောင် မော်ဝါဒီသူပုန်တွေက အနိုင်ရအပြီး ဝန်ကြီးချုပ်ဟာ မော်ဝါဒီတွေနဲ့ ညွန့်ပေါင်းဖွဲ့ခဲ့ပါတယ်။  ၂၀၂၂ မှာ ဝန်ကြီးချုပ်ရဲ့ရာထူးသက်တမ်း မကုန်ခင် မော်ဝါဒီသူပုန်ဟောင်း ပါတီဥက္ကဋ္ဌ ပရာချန်ဒါက ဝန်ကြီးချုပ်ရာထူးကို သူ့ဆီ လွှဲပေးဖို့ ဖိအားပေး တောင်းဆိုနေပါတယ်။  ဒါဟာ ခေါင်းဆောင် ၂ ဦးကြား အာဏာခွဲဝေရေး သဘောတူညီချက်အရ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up