A d v e r t i s e m e n t With Us

တက်စ်လာသူဌေးကြီး အီလွန်မာ့ခ်စ် ကမ္ဘာ့ ၇ ဦးမြောက် အချမ်းသာဆုံးဖြစ်လာ

တက်စ်လာနိုင်ငံတကာကော်ပိုရေးရှင်းရဲ့အမှုဆောင်အရာရှိချုပ်နဲ့ဘီလျံနာသူကြွယ်ကြီး အီလွန် မာ့ခ်စ်ရဲ့ အသားတင်ပိုင်ဆိုင်မှု တန်ဖိုးဟာ ဝါရန်ဘူဖေးထက် ကျော်လွန်သွားပြီး ကမ္ဘာ့ ၇ ယောက်မြောက် အချမ်းသာဆုံးလူ ဖြစ်သွားပြီလို့ ဘလွန်းဘာ့ဂ်ဘီလျံနာညွှန်းကိန်းက ဇူလိုင်လ ၁၀ ရက်မှာ ဖော်ပြပါတယ်။  လျှပ်စစ်ကားထုတ်လုပ်တဲ့ တက်စ်လာကုမ္ပဏီက စတော့ရှယ်ယာ ၁၀.၈ ရာခိုင်နှုန်း ထိုးတက်အပြီး ဇူလိုင်လ ၁၀ ရက်မှာ မာ့ခ်စ်ရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၆.၀၇ ဘီလီယံ ရှိသွားခဲ့တယ်လို့ ဘလွန်းဘာ့ဂ်က ပြောပါတယ်။  ဝါရန်ဘူဖေးဟာ သူ့ရဲ့ ဘတ်ရှိုင်းယား ဟိသာဝေး စတော့ရှယ်ယာထဲက အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံကို ပရဟိတအဖွဲ့ဆီ ဒီအပတ်အစောပိုင်းက လှူပစ်လိုက်လို့ အသားတင် ပိုင်ဆိုင်မှု တန်ဖိုးကျခဲ့တာပါ။  တက်စ်လာကုမ္ပဏီရဲ့ ဆီဒင် မော်ဒယ် သရီး ကားအရောင်း တိုးလာခဲ့လို့ ရှယ်ယာကတော့ မနှစ်‌ေထက် ၅၀၀ ရာခိုင်နှုန်း တိုးလာခဲပါတယ်။  တက်စ်လာကုမ္ပဏီဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် လေးလပတ် လေးကြိမ်လုံး အမြတ်ထွက်ခဲ့တယ်လို့လည်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up