A d v e r t i s e m e n t With Us

ဖမ်းဆီးခံထားရသည့် ဒေသန္တရအုပ်ချုပ်ရေးမှူးကို ရုရှားပြည်သူထောင်ချီ ထောက်ခံဆန္ဒပြ

ရုရှားနိုင်ငံအရှေ့စွန်းက ခါဘာရော့ဗ်စ်ခ်မြို့မှာ ထိန်းသိမ်းခံထားရတဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူးကို ထောက်ခံကြောင်း ထောင်နဲ့ချီတဲ့ပြည်သူတွေက ဇူလိုင်လ ၁၁ ရက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။  လစ်ဘရယ် ဒီမိုကရက်ပါတီဝင်ဖြစ်ပြီး လူကြိုက်များတဲ့ အုပ်ချုပ်ရေးမှူး ဆာဂီဖာဂယ်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က စွန့်ဦးတီထွင်လုပ်ငန်းရှင် အတော်များများကို သတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲခံရအပြီး ရုံးမထုတ်ခင် ထိန်းသိမ်းခံထားရပါတယ်။  သူဟာ သမ္မတ ဗလာဒီမီယာပူတင်ကို ကျောထောက်နောက်ခံပေးထားတဲ့ ညီညွတ်သော ရုရှားပါတီက ပြိုင်ဘက်ကို အနိုင်ရပြီး ၂၀၁၈ မှာ အုပ်ချုပ်ရေးမှူးဖြစ်လာသူပါ။  သူဟာ ဇူလိုင်လ ၉ရက်က အဖမ်းခံခဲ့ရပြီး မြို့တော် မော်စကိုကို ခေါ်သွား ခံရပါတယ်။ လူသတ်ဖို့ကြိုးစားမှုအပါအဝင် ပြစ်မှုတွေနဲ့တရားစွဲ ခံထားရပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ပါတယ်။  သူကတော့ စွဲချက်တွေကို ငြင်းထားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up