A d v e r t i s e m e n t With Us

ပီးရူးအစိုးရကို ကျန်းမားရေးလုပ်သားများ ဆန္ဒပြ

ပီရူးနိုင်ငံက ကျန်းမာရေးလုပ်သားတွေဟာ လီမာမြို့တော်ရဲ့လမ်းတွေပေါ်မှာ ဇူလိုင်လ ၁၀ ရက်က ဆန္ဒပြခဲ့ပါတယ်။  နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်တိုးနေချိန်မှာ အထူးကြပ်မတ်ကုသဆောင်တွေ ရှိရာ ဆေးရုံတွေကို အပြည့်အဝ ပြုပြင်မယ်လို့ အစိုးရက ဆုံးဖြတ်လို့ ခုလို ဆန္ဒပြတာပါ။  ဆေးဘက်လုပ်သားတွေက ဆိုင်းဘုတ်တွေ နဖူးစည်း စာတမ်းတွေကို ကိုင်ဆောင်ရင်း မြို့တော်နားက လမ်းတွေဆီ ချီတက်လာချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက စောင့်ကြပ်နေပါ တယ်။  ကူးစက်ကပ်ဘေးက ဆေးရုံက ကိုင်တွယ်နိုင်တဲ့ အဆင့်ထက် ပိုများလာလို့ ခရိုင် ၈ ခုက လူနာတွေကို တာဝန်ယူရတဲ့ ဆေးရုံ တရုံမှာ စောင့်ရှောက်မှု စနစ်လုံးလုံး ပြိုကျသွားပြီလို့ ပီရူး ဆေးပညာအသင်းချုပ်အကြီးအကဲက ပြောပါတယ်။  လူဦးရေ ၃၃ သန်းရှိတဲ့ ပီရူးနိုင်ငံမှာ ကပ်ရောဂါကြောင့် ကျဆင်းခဲ့တဲ့ စီးပွားရေး ပြန်နာလန် ထဖို့ ဒီလထဲမှာ အစိုးရက ကန့်သတ်ချက်တွေကို ပြန်ဖြေလျှော့ပေးခဲ့တာပါ။  ဒါကြောင့် လူတွေ လမ်းပေါ် ပြန်ထွက်လာလို့ ကူးစက်မှု တောမီးလို ပြန့်ကုန်မှာကို ကျန်းမာရေးပညာရှင်တွေက စိုးရိမ်ခဲ့ကြပါတယ်။ ပီရူးဟာ တောင်အမေရိကမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ခံနိုင်ငံ ဖြစ်ပြီး အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ ရုရှားတို့ပြီးရင် ကမ္ဘာ့ပဉ္စမမြောက် ကူးစက်ခံ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ ရက်ထိ အတည်ပြုချက်အရ ပီရူးနိုင်ငံမှာ ကူးစက်ခံလူနာ ၃ သိန်း ၂ သောင်းကျော် ရှိပြီး သေဆုံးသူ ၁၁၆၈၂ ယောက် ရှိနေပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up