မင်းလှမြို့နယ် ရေနံမနယ်မြေတွင် တရားမဝင်ရေနံချက်ဖို ဖမ်းမိ

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေအတွင်းမှာ ဇူလိုင် ၁၁ ရက်နေ့က တရားမဝင်ရေနံချက်ဖို ၁ လုံး ဖမ်းဆီရမိခဲ့တယ်လို့ ရေနံမနယ်မြေရဲစခန်းက ပြောပါတယ်။ ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက “ရေနံမနယ်​မြေ ရဲစခန်းရဲ့ အနောက်မြောက်ဘက် ၄ မိုင်လောက်အကွာမှာရှိတဲ့ တောထဲကနေ တရားမဝင် ရေနံချက်ဖို တစ်လုံး၊ ဆိုင်ကယ် သုံးစီးနဲ့အတူ ရေနံ ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။ တရားမဝင် ရေနံချက်လုပ်တဲ့ သူတွေကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားမယ်” ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း ရေနံမနယ်မြေအတွင်းက တရားမဝင် ရေနံချက်ဖို ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခဲ့အပြီး အမှုဖွင့်ရေးယူထားတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားမဝင်ရေနံချက်လုပ်သူတွေကို ရေနံမနယ်မြေရဲစခန်းမှာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး၊ ဓာတ်ပုံ-ဇော်ဆိုင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up