Home
မြန်မာသတင်း
ကိုဗစ်ကာလ ရပ်နားထားသည့် စကားဝိုင်းဆွေးနွေးပွဲများ MRCCI တွင် ပြန်ကျင်းပမည်
DVB
·
July 12, 2020
ကိုဗစ်-၁၉ ကာလ ရပ်နားထားတဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကို ပြန်လည်ကျင်းပတော့မယ်လို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MRCCI က ပြောပါတယ်။ ဒီလိုကျင်းပရာမှာ ကိုဗစ်-၁၉ ကူးစက်နိုင်မှုကို သတိပြုတဲ့အနေနဲ့ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြား အကွာအဝေးမှာ ထားရှိတာ၊ ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးကန် ထားရှိတာတွေ စနစ်တကျ လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ အလွန် ကာလမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လိုပြန်လည်ဦးမော့နိုင်မလဲဆိုတဲ့ ဆွေးနွေးချက်တွေ ပါဝင်တဲ့ “COVID-19 & Myanmar Economy- Past, Present & Future” စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲကို မန္တလေးမြို့ MRCCI ရုံးမှာ ဇူလိုင် ၁၂ ရက်နေ့ မွန်းလွဲပိုင်း စတင်ပြုလုပ်မယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ ကိုဗစ်-၁၉ မတိုင်မီ မြန်မာ့စီးပွားရေးအခြေအနေတွေ၊ ကိုဗစ်-၁၉ ကာလအတွင်း ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေ နဲ့ ကိုဗစ်-၁၉ အလွန်ကာလမှာ ပြန်လည်ဦးမော့နိုင်စေဖို့ ရေတို ရေရှည် မဟာဗျူဟာတွေ ချမှတ်နိုင်စေဖို့ ဆွေးနွေးမှုတွေ ပါဝင်မှာလည်း ဖြစ်ပါတယ်။ MRCCI ရဲ့ အတွင်းရေးမှူး ဦးဥက္ကာကျော်က “ဘယ်လို recovery plan ပြန်လုပ်ကြမလဲ၊ ကျနော်တို့ အကြံဉာဏ်တွေ၊မတူညီတဲ့ အမြင်၊မတူညီတဲ့ ရှုထောင့်တွေကနေ ဆွေးနွေးကြမယ်။ ပြီးလို့ရင်တော့ new normal နဲ့ ဘယ်လိုပုံစံသွားကြမလဲ။ အခုက new normal လို့ပြောကြတယ်။ အလုပ်ကတော့ ကိုယ့်လုပ်ငန်း ပုံမှန်လုပ်ရမှာပဲ၊ လုပ်ပေမယ်လို့ ဘယ်လိုပုံစံအသစ်နဲ့ ဒါကို ဘယ်လို သွားကြမလဲ။ အဓိကကတော့ ဒါတွေ ဆွေးနွေးမယ့်ဟာတွေ၊ နောက်တစ်ခုကတော့ လုပ်ငန်းတစ်ခုကို စတည်ထောင်တာ၊ သမားရိုးကျ အရင်တုန်းက လုပ်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ မတူပဲနဲ့ ဘယ်လို နည်းလမ်းဗျူဟာတွေနဲ့ ခင်းကျင်းပြီး ဆောင်ရွက်ကြမလဲ အဓိက ဆွေးနွေးမယ်၊ နောက်ပြီး ပြည်သူလူထုနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားတွေရှိလဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒါပြန်လည်ထူထောင်ကြမယ့်ကာလဆိုတဲ့ခါကျတော့ ပုဂ္ဂလိက ကဏ္ဍတရပ်အနေနဲ့ကလည်း ဒါကထူထောင်ဖို့ အခက်အခဲတွေက အများကြီးရှိပါတယ်” လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးဖရတ်ဆင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲမင်းဦးနဲ့ MRCCI အသင်းရဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းတို့ ဆွေးနွေးမယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024