
Lead Story နိုင်ငံတကာ သတင်း အားကစား
မာဆယ်လို ပေါင်ခြံဒဏ်ရာကြောင့် လက်ကျန်လာလီဂါပွဲစဉ်များ လွဲချော်မည်
Email This Story :
ရီးရဲလ်မက်ဒရစ် နောက်ခံလူ မာဆယ်လိုဟာ ဒဏ်ရာကြောင့် လာလီဂါ လက်ကျန်ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ ညာနောက်ခံလူ မယ်ဆယ်လိုဟာ ပေါင်ခြံဒဏ်ရာ ရခဲ့တာကြောင့် ၃ ပတ်လောက် အနားယူရမယ်လို့ ရီးရဲလ်အသင်းက ဇူလိုင် ၁၀ ရက်မှာ တရားဝင်သတင်း ထုတ်ပြန်ခဲ့တာပါ။
မာဆယ်လိုဟာ အလာဗက်စ်ကို အနိုင်ရခဲ့တဲ့ သောကြာနေ့က ပွဲစဉ်ကတည်းက ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာပါ။
ဂရန်နာဒါ၊ ဗီလာရီးယဲလ်နဲ့ လီဟီနက်ဇ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာလည်း ဆက်လက်လွဲချော်မှာ ဖြစ်ပါတယ်။
မယ်ဆယ်လိုအနေနဲ့ မန်စီးတီးအသင်းနဲ့ သြဂုတ် ၇ ရက်မှာ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။
ရီးရဲလ်အသင်းဟာ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပါတယ်။