Home
မြန်မာသတင်း
မလေးရှားနှင့် စင်ကာပူတွင် အခက်ကြုံနေသည့် မြန်မာသင်္ဘောသားများ အပါအဝင် ၂၄၀ ကျော်ကို ပြန်ခေါ်
DVB
·
July 12, 2020
မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ သင်္ဘောသားတွေအပါအဝင် မြန်မာနိုင်ငံသား ၂၄၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ဇူလိုင် ၁၁ ရက်နေ့က ပြန်ခေါ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မလေးရှားနိုင်ငံမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ခေါ်ခဲ့ပြီး ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ အလားတူ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေပြီး Crew Change ပြုလုပ်ဖို့နဲ့ နိုင်ငံတကာ သင်္ဘောတွေပေါ်မှာ တာဝန်ထမ်းဆောင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာသင်္ဘာသား ၇၃ ဦး အပါအဝင် စုစုပေါင်း ၇၅ ဦးတို့အား MAI အထူးလေလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရပြီး ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ သူတို့အားလုံးကို ၂၁ ရက်တာ အသွားအလာကန့်သတ်စောင့်ကြည်သွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားတာကြောင့် ပြည်ပ နိုင်ငံတွေမှာ ခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၇၅၄၅ ဦးကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024