နာပိုလီက ကူလီဘာလီကို မန်စီးတီး ကစားသမား ၂ ဦး အလိုက်ပေးကမ်းလှမ်းမည်

မန်စီးတီးအသင်းဟာ နာပိုလီနောက်ခံလူ ကူလီဘာလီကို ခေါ်ယူဖို့အတွက် ကစားသမား ၂ ဦးအလိုက်ပေး ကမ်းလှမ်းဖို့ရှိတယ်လို့ သိရပါတယ်။ မန်စီးတီအသင်းဟာ အခုနှစ်ရာသီမှာ ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် လီဗာပူးအသင်းကို ချန်ပီယံဆုဖလား ပေးအပ်လိုက်ရပြီး ခံစစ်ကို တောင့်တင်းအောင် လုပ်ဆောင်ဖို့ နည်းပြ ဂွါဒီယိုလာက ဆန္ဒရှိနေတာပါ။ နာပိုလီနောက်ခံလူ ကူလီဘာလီအတွက် နောက်ခံလူ အော်တာမန်ဒီနဲ့ ဇင်ချန်ကိုတို့ကို အလိုက်ပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။  နာပိုလီအသင်းဟာ ကူလီဘာလီအတွက် ပေါင်သန်း ၈၀ ပြောင်းရွှေ့ကြေး သတ်မှတ်ထားတာပါ။ မန်စီးတီးဘက်က  ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ကစားသမား ၂ ဦး အလိုက်ပေးပြီး ပြောင်းရွှေ့ကြေးကို လျှော့ချလိုတာလို့ သိရပါတယ်။  အသက် ၂၉ နှစ်ရှိ ဆီနီဂေါနောက်ခံလူ ကူလီဘာလီဟာ ၂၀၁၅ ခုနှစ်ကတည်းက နာပိုလီမှာ ကစားနေတာဖြစ်ပြီး ၂၃၉ ပွဲ ကစားပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up