အစိုးရနှင့် ကေအိုင်အို မနက်ဖြန် မြစ်ကြီးနားတွင် ဆွေးနွေးမည်
အေးနိုင်
·
May 27, 2013
ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်တဲ့ ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အကြား ဆွေးနွေးပွဲတွေ လုပ်ဖို့ မြစ်ကြီးနားမြို့ကို နှစ်ဘက်ကိုယ်စားလှယ်တွေ ရောက်ရှိရာမှာ ဒေသခံတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။
ကေအိုင်အိုနဲ့ အစိုးရအကြား ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ၂၀၁၁ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့တာကြောင့် ဒုက္ခသည် ၁ သိန်းလောက် ထွက်ပြေးနေရပါတယ်။
ဒီတွေ့ဆုံပွဲကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နန်ဘီယား (Mr. Vijay Nambiar)လည်း ရောက်ရှိ နေပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ ကေအိုင်အိုခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာနဲ့ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။