အကြံပေး ရော်ဂျာစတုန်းကို သမ္မတ ထရမ့် ပြစ်ဒဏ်လျှော့

1.1K
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့ကာလရှည်သူငယ်ချင်းနဲ့အကြံပေး ရော်ဂျာစတုန်း ကို ဇူလိုင်လ ၁၀ ရက်မှာ ထောင်ဒဏ်ပြစ်ဒဏ်ကနေ လျှော့ပေါ့လိုက်ပါတယ်။
အမေရိကန်ရွေးကောက်ပွဲကို ရုရှားဝင်စွက်ဖက်တယ်ဆိုတဲ့ စုံစမ်းရေးမှာ ရော်ဂျာစတုန်းက လွှတ်တော်အမတ်တွေကို လိမ်လည်ထွက်ဆိုခဲ့တဲ့အတွက် ပြစ်မှုထင်ရှားခဲ့တာပါ။
စတုန်းရဲ့ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတဲ့ သမ္မတထရမ့် ဆုံးဖြတ်ချက်ဟာ ရာဇဝတ်မှုတခု ကနေ လုပ်ဖော်ကိုင်ဖက်ကို ကာကွယ်တဲ့ အတင့်ရဲဆုံး ကြားဝင်စွက်ဖက်မှု ဖြစ်ပါတယ်။
ဒီမိုကရက်တွေက သမ္မတ ထရမ့်ရဲ့လုပ်ရပ်ကို တရားဥပဒေစိုးမိုးမှုအား ထိပါးမှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ သမ္မတ ထရမ့်နဲ့စတုန်းတို့ရဲ့ ခင်မင်ရင်းနှီးမှုက ဆယ်စုနှစ် ချီပြီး ကြာမြင့်ခဲ့တာပါ။
စတုန်းဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ၄ လ ကျခံမယ့်အကြောင်းကို ဇူလိုင် ၁၄ ရက်မှာ ဖက်ဒရယ်အကျဉ်းထောင်ကို သတင်းပို့ရဖို့ရှိပြီး အဲဒီအချိန် မတိုင်မီ သမ္မတ ထရမ့်က စတုန်းရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့လိုက်တယ်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။